Term 2 begins soon—secure a place for your child today. Enrolling through August.

School Policies

Schools need several well-defined policies to ensure they operate in a structured, fair, transparent, and consistent manner. These policies serve as a governance framework, supporting daily operations, guiding decision-making, and fostering a safe, inclusive, and purpose-driven learning environment.

စာသင်ကျောင်းများတွင် စနစ်တကျလည်ပတ်နိုင်ရန်၊ မျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် တစ်သမတ်တည်းဆောင်ရွက်နိုင် ရန်အတွက် မူဝါဒများသတ်မှတ်ရန်လိုအပ်ပါသည်။ ထိုမူဝါဒများသည် ကျောင်း၏နေ့စဉ်လုပ်ငန်းဆောင် တာများ၊ ဆုံးဖြတ်ချက်ချမှတ်မှုများနှင့် ဘေးကင်းလုံခြုံပြီး ရည်ရွယ်ချက်ရှိရှိ သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးရာတွင် အထောက်အကူပြုသော အုပ်ချုပ်ရေးနည်းလမ်းများဖြစ်ပါသည်။

Why Do Schools Need Policies?

1.Clarity and Consistency

  • Policies provide clear guidelines on how different aspects of the school function—whether academic, administrative, behavioural, or operational.

  • They ensure consistent responses to similar situations, reducing confusion, bias, or arbitrary decision-making.

 

၁။ ရှင်းလင်းမှုနှင့် တစ်သမတ်တည်းဖြစ်မှု

  • မူဝါဒများသည် ပညာရေး၊ အုပ်ချုပ်ရေး၊ အပြုအမူနှင့် လုပ်ငန်းဆောင်တာများဆိုင်ရာ လမ်းညွှန်ချက်များကို ရှင်းလင်းစွာသတ်မှတ်ပေးပါသည်။

  • အလားတူအခြေအနေများကို တစ်သမတ်တည်း ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အာမခံချက်ပေးပြီး ရှုပ်ထွေးမှု၊ ဘက်လိုက်မှုနှင့် စိတ်အလိုဆန္ဒအရ ဆုံးဖြတ်ချက်များမချမှတ်ရန် ကာကွယ်ပေးပါသည်။

 

2. Governance and Accountability

  • Policies define who is responsible for what—from leadership to teaching staff, students to parents.

  • This allows the school to function as a professional institution with clear roles, expectations, and accountability mechanisms.

 

၂။ အုပ်ချုပ်မှုနှင့် တာဝန်ယူမှု

  • မူဝါဒများသည် ကျောင်းအုပ်ချုပ်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးပါသည်။

  • မူဝါဒများသည် ကျောင်း၏ရှေ့လုပ်ငန်းစဥ်များ စံနှုန်းများနှင့်အညီ စနစ်တကျလည်ပတ်စေရန် အားပေးပါ သည်။

 

3. Legal and Regulatory Compliance

  • Policies ensure that the school complies with national laws, accreditation body requirements, child protection mandates, and educational standards.

  • They serve as evidence of due diligence in the event of inspections, complaints, or legal scrutiny.

 

၃။ ဥပဒေ/စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာမှု

  • မူဝါဒများသည် အမျိုးသားဥပဒေများ၊ ကလေးကာကွယ်ရေးစည်းမျဉ်းများ၊ အသိအမှတ်ပြုအဖွဲ့အစည်း၏ လိုအပ်ချက် ပညာရေးစံနှုန်းများနှင့် ကိုက်ညီစေရန် အာမခံချက်ပေးပါသည်။

  • စစ်ဆေးမှုများ၊ တိုင်ကြားမှုများ (သို့မဟုတ်) တရားဝင်စုံစမ်းမှုများတွင် ကျောင်း၏တရားဝင်မှုကို သက်သေပြ နိုင်ပါသည်။

 

4. Support for Decision-Making

  • When faced with challenges, disputes, or emergencies, policies act as decision-making tools.

  • Leaders can refer to policies to ensure decisions are fair, documented, and defensible.

 

၄။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အထောက်အကူပြုခြင်း

  • အခက်အခဲများ၊ အငြင်းပွားမှုများ (သို့မဟုတ်) အရေးပေါ်အခြေအနေများတွင် မူဝါဒများသည် ဆုံးဖြတ်ချက် ချမှတ်ရာတွင် လမ်းညွှန်အဖြစ်အသုံးပြုနိုင်ပါသည်။

  • အုပ်ချုပ်သူများအတွက် မျှတသောဆုံးဖြတ်ချက်များ၊ ပြန်လည်ချေပနိုင်သော မှတ်တမ်းမှတ်ရာအဖြစ် ကိုးကားနိုင်သည်။

 

5. Stakeholder Understanding

  • Students, parents, teachers, and staff can refer to school policies to know:

  • Their rights and responsibilities

  • How issues will be handled (e.g., bullying, attendance, assessments)

  • What standards are expected from them

  • This builds trust and transparency between the school and its community.

 

၅။ အကျိုးသက်ဆိုင်သူများနားလည်မှု

  • ကျောင်းသား၊ မိဘ၊ ဆရာနှင့် ဝန်ထမ်းများသည် မူဝါဒများကိုကိုးကား၍ ၎င်းတို့၏အခွင့်အရေးနှင့် တာဝန်များကိုသိရှိနိုင်ပါသည်။

  • ဥပမာ – အနိုင်ကျင့်မှု၊ ကျောင်းတက်ရောက်မှု၊ စာမေးပွဲနှင့်ပတ်သက်သောကိစ္စရပ်များကို မည်သို့ကိုင်တွယ် မည်ကိုသိရှိနိုင်ပါသည်။

  • မူဝါဒများသည် ကျောင်းနှင့် သက်ဆိုင်သူများကြားတွင် ယုံကြည်မှုနှင့် ပွင့်လင်းမြင်သာမှုကို တည်ဆောက်ပေး ပါသည်။

 

6. Strategic Alignment

  • Policies reflect the school’s mission, values, and vision.

  • For example, policies on inclusion, sustainability, digital use, or well-being communicate the school’s strategic priorities and culture.

 

၆။ နည်းဗျူဟာနှင့်အညီ ညှိနှိုင်းဆောင်ရွက်မှု

  • မူဝါဒများသည် ကျောင်း၏ ရည်မှန်းချက်၊ တန်ဖိုးထားမှုနှင့် မျှော်မှန်းချက်များကို ထင်ဟပ်စေပါသည်။

  • ဥပမာ – လူတိုင်းပါဝင်ခွင့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒစ်ဂျစ်တယ်အသုံးပြုမှု (သို့မဟုတ်) ကျန်းမာရေးဆိုင်ရာမူဝါဒများသည် ကျောင်း၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ယဉ်ကျေးမှုကို ဖော်ပြပါသည်။

 

7. Professional Culture

  • In well-governed schools, policies nurture a culture of professionalism, ethical behavior, and continuous improvement.

  • Teachers and staff are empowered by a framework that supports quality teaching, learning, and student development.

 

၇။ ကျွမ်းကျင်မှုနှင့်ပြည့်စုံသောယဉ်ကျေးမှု

  • ကောင်းမွန်စွာအုပ်ချုပ်သောကျောင်းများတွင် မူဝါဒများသည် ကျွမ်းကျင်မှု၊ ကျင့်ဝတ်နှင့်ညီသော အပြုအမူနှင့် အဆက်မပြတ်မြှင့်တင်ရေးတို့ကိုအားပေးပါသည်။

  • ဆရာများနှင့်ဝန်ထမ်းများသည် အရည်အသွေးမြင့် သင်ကြားရေး၊ သင်ယူမှုနှင့် ကျောင်းသားဖွံ့ဖြိုးတိုးတက် ရေးအတွက် အားဖြည့်ထားသောစနစ်တစ်ခု၏ အထောက်အပံ့ကိုရရှိပါသည်။

 

How Policies Enable Common Understanding

  • Policies create a shared reference point for all stakeholders.

  • They reduce misunderstandings and provide predictability and fairness.

  • Whether it’s an assessment appeal, a disciplinary matter, or a resource request, everyone understands how decisions will be made and why.

 

မူဝါဒများသည် ဘုံနားလည်မှုကို မည်သို့ဖန်တီးပေးသနည်း။

  • မူဝါဒများသည် အကျိုးသက်ဆိုင်သူအားလုံးအတွက် ကိုးကားနိုင်သော စံနှုန်းတစ်ခုဖြစ်ပါသည်။
  • နားလည်မှုလွဲမှားသောအခြေအနေများကို ကြိုတင်ခန့်မှန်းနိုင်စေပြီး မျှတမှုကိုအာမခံပေးပါသည်။
  • စာမေးပွဲအယူခံဝင်မှု၊ စည်းကမ်းချိုးဖောက်မှု (သို့မဟုတ်) အရင်းအမြစ်တောင်းဆိုမှုများကဲ့သို့သော ကိစ္စရပ်များတွင် မည်သို့ဆုံးဖြတ်မည်ကို လူတိုင်းနားလည်နိုင်ပါသည်။

 

In summary, school policies are not just administrative documents—they are the backbone of school governance, shaping a well-organized, safe, and inclusive learning environment for all.

 

ကျောင်းမူဝါဒများသည် စီမံခန့်ခွဲမှုဆိုင်ရာ စာရွက်စာတမ်းများသာမကဘဲ ကျောင်း၏အုပ်ချုပ်ရေးအခြေခံဖြစ်ပြီး စနစ်တကျစီမံထားသော၊ ဘေးကင်းလုံခြုံပြီး လူတိုင်းပါဝင်နိုင်သည့် သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးပါသည်။

 

The various policies of the school are given in the links

ကျောင်းမူဝါဒများနှင့်ပတ်သက်သောလင့်ခ်များ