IB တွင် အနှစ်သာရပြည့်ဝသော နယ်ပယ် ၃ ခုကို သင်ကြားလေ့ကျင့်ပေးပါသည်။
- Theory of knowledge (TOK) သည် ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာ ဉာဏ်ရည် ဉာဏ်သွေး ရရှိစေရန် လေ့ကျင့်သင်ကြားပေးမှု ဖြစ်ပါသည်။
- Creativity, Activity, Service (CAS)သည် အတွေ့အကြုံပိုင်းဆိုင်ရာ လက်တွေ့ သင်ကြားပေးမှု ဖြစ်၍ IB ၏ အရည်အသွေး ကွာခြားမှုအဖြစ် ဖော်ပြကြပါသည်။ ဤသင်ကြားမှုသည် လက်တွေ့လုပ်ဆောင်ခြင်းမှ သင်ယူရခြင်းဖြစ်ပြီး ကျောင်းသားများအတွက် သင်ယူမှုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကို ကင်းဝေးစေပြီး မိမိတို့ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ နယ်ပယ်များစွာတွင် လက်တွေ့ပါဝင်လုပ်ဆောင်ခြင်းမှ နက်နဲသော တွေးခေါ်စူးစမ်းမှု၊ ကြုံတွေ့ရသော အကြောင်းအရာများကို ဆင်ခြင်သုံးသပ်နိုင်မှု တို့ကိုပါ တိုးတက်မြင့်မားစေပါသည်။
- Extended Essay (EE) သည် ရည်ရွယ်ထားသည့် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် စူးစမ်းရှာဖွေရင်း ဉာဏ်ရည်ဉာဏ်သွေးကို ကောင်းစွာအသုံးချပြီး လွတ်လပ်သော သုတေသနပြု စာတမ်းရေးသားမှုကို ဗဟိုပြု သင်ကြားခြင်းဖြစ်ပါသည်။
ဤကဲ့သို့သော အနှစ်သာရများကြောင့် IB Diploma သင်ရိုးသည် ပညာရပ်ဆိုင်ရာ ဘာသာရပ်များ စုပေါင်း ထားခြင်းထက် ပိုမို ကောင်းမွန်ပြည့်စုံပါသည်။ ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်ဖွံ့ဖြိုးမှု အတွက်လည်း အလုံးစုံ ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပါသည်။ သင်ကြားမှုနယ်ပယ် ၃ ခု ၏ အနှစ်သာရသည် IB ၏ နှလုံးသားအဖြစ် ထင်ဟပ်စေပါသည်။ ၎င်းသည် ကျောင်းသားများ၏ ဖွံ့ဖြိုးတိုးတက်နေမှုနှင့် IB Profile မှ ကောင်းမွန်သော ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးများအား အသုံးချနေထိုင်နိုင်မှုကို အဓိကထား သင်ကြားပေးခြင်း ဖြစ်ပါသည်။
IBသည် အနှစ်သာရပြည့်ဝသော နယ်ပယ် ၃ ခုကို သင်ကြားရသော ရည်ရွယ်ချက်များကို ချမှတ်ထားပါသည်။
၎င်းတို့မှာ –
- အထောက်အကူဖြစ်စေရန်နှင့် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို အထောက်အပံ့ပေးနိုင်ရန်
- မတူကွဲပြားသော ဖြစ်တည်မှုများကို နားလည်လက်ခံပေးတတ်သော နိုင်ငံသားကောင်း စိတ်ဓာတ် ဖြစ်ထွန်းစေရန်
- မိမိကိုယ်မိမိ အမြဲသတိပြု ဆင်ခြင်နိုင်စေရန်နှင့် ပညာရေး စိတ်ပညာအရ ကောင်းမွန်သော လေ့ကျင့်မှုများနှင့် မြင့်မားသော ရည်ရွယ်ချက်များ ပါဝင်သည့် IB သင်ရိုးသည် သင်ယူမှုအား မြင့်မားသော အဆင့်အတန်းသစ်တစ်ခုသို့ ခေါ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။ ကျောင်းသားများအနေဖြင့် တက်ကြွစွာ ပါဝင်သင်ကြားခြင်းသည် တန်ဖိုးမဖြတ်နိုင်သော IB ၏ အနှစ်သာရ များကို ရရှိနိုင်မည့် ဆုလာဘ်ကောင်းတစ်ခု ဖြစ်ပါသည်။